မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား By ရန်ကုန်ခေတ်သစ် -မင်းအောင်လှိုင်ရဲ့ အကူအညီတောင်းမှုကြောင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ထိုင်းအာဏာ သိမ်းခေါင်းဆောင်ဝန်ကြီးချုပ် ပရာယွတ်ကို ဇန်နဝါရီ၁၅ ရက်မှာ တရားဝင်သွားရောက်တွေ့ဆုံခဲ့ ပါတယ်။ -ခရီးစဉ်မှာ ဆာဆာကာဝါနဲ့ ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် ပရာယွတ်တို့က မြန်မာ့အရေး ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ -ဆာဆာကာဝါအနေနဲ့ ထိုင်းဝန်ကြီးချုပ်ကို သွားရောက် တွေ့ဆုံတဲ့ ခရီးစဉ်ဟာ မင်းအောင်လှိုင်ရဲ့ အဓိက အကူအညီတောင်းမှု ကြောင့် ဖြစ်လာတာလို့ ရန်ကုန်ခေတ်သစ်ရဲ့ စစ်တပ်သတင်းရင်းမြစ်က အတည်ပြုပါတယ်။ -လက်ရှိမှာ အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီအနေနဲ့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ NUG နဲ့ အာဆီယံ ထိတွေ့ဆက်ဆံရေးမူ အသက်ဝင်လာမှာကို အကြီးအကျယ်ကြောက်ရွံ့နေပါတယ်။ NUG ၊ CRPH နဲ့ PDF တို့ကို နိုင်ငံတကာ အကြမ်းဖက် အဖြစ် ကြေညာဖို့ စစ်ကောင်စီက ၂ နှစ်တာ ကြိုးစားခဲ့ သမျှ မအောင်မြင်ဘဲ အထီးကျန်ဆန် အကြမ်းဖက်အဖွဲ့လို ရှုမြင်ခံလာရတာက စစ်ကောင်စီသာလျှင် ဖြစ်လာနေတာပါ။ အခုနောက်ဆုံး အာဆီယံကပါ NUG ကို ထိတွေ့ဆက်ဆံလာမှာကို မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်က အကြီးအကျယ် စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒါကြောင့် ဆာဆာကာဝါကို အကူအညီတောင်းပြီး အာဆီယံအရေးမှာ မြန်မာစစ်တပ်ဘက်က ဆက်လက်ရပ် တည်ပေးဖို့ ထိုင်း အကူအညီတောင်းပုံရပါတယ်။ ဒါအပြင် မြန်မာ့နွေဦးတော်လှန်ရေးအင်အားစု အပေါ် ထိန်းချုပ်တင်းကျပ်ဖို့ သွားရောက်တောင်းဆိုတာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ -မြန်မာ့အရေးကျွမ်းကျင်သူ Igor Blazevic ကတော့ ဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှုဟာ မြန်မာ့နွေဦး တော်လှန်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ -ဆာဆာကာဝါဟာ မြန်မာ့ ငြိမ်းချမ်းရေးသံတမန်၊ ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ် ဖြစ်ပေမယ့်လည်း နွေဦးတော်လှန်ရေး အတွက်အထောက်အကူမပြုတဲ့ အပြင် မင်းအောင်လှိုင်ကို ရပ်တည်ကာကွယ်နေတဲ့ သူအဖြစ် မြင်တွေ့ နေရပါတယ်။ ဆာဆာကာဝါ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ စစ်တပ်ကို အောက်ကျို့ ၊ စစ်တပ်ယုတ်မာရက် စက်သမျှ ခေါင်းငုံ့ခံ၊ စစ်တပ်ပေးတာယူ ဆိုတဲ့ စစ်တပ်အနိုင်ကျင့်ငြိမ်းချမ်းရေးဖြစ်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။